THE GREAT MAHA MUNISHWAR (SHIVA) TEMPLE AND MAA ANKALESHWARI TEMPLE
Har Har Mahadev
Very nice and very powerful temple
မတ်လဆန်းရဲ့ စူးရှတဲ့ နေရောင်အောက်က လယ်ကွင်းတွေ အလယ်မှာ ထီးတည်း တည်ရှိနေတာကတော့ ပီလခတ် စရီအန်ဂါလဲ အီစ်ဝရီ စရီ မဟာမူနီ (စ်) ဝရရ် ဟိန္ဒူဘုရားကျောင်းကြီးပဲ ဖြစ်ပါတယ်။
လယ်ကွင်းတွေ အလယ်မှာ ဆိုပေမယ့် ဒီဘုရားကျောင်းကို တိုက်ရိုက် ကားမောင်းသွားဖို့ ၁၈ ပေ ကွန်ကရစ် လမ်းမကြီး ဖောက်လုပ်ထားပါတယ်။ သူ့ရဲ့ တည်နေရာကတော့ ရန်ကုန် တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ထဲက ပီလခတ် ကျေးရွာမှာပါ။ ကျောက်တန်းမြို့ထဲအထိ ဝင်သွားလိုက်ပြီး မြို့အဝင် ၂၄ နာရီ ဆေးခန်းနဲ့ မျက်နှာချင်းဆိုင်က လမ်းထဲ ဘယ်ဘက်ကို ချိုးဝင်သွားရမှာ ဖြစ်ပါတယ်။ လမ်းအစကနေ ပီလခတ်အထိ ၄ မိုင် ကွာဝေးပါတယ်။
ဘုရားကျောင်းရဲ့ အပြင်ဘက် လယ်ကွင်းတွေမှာတော့ ထီးတင်ပွဲ၊ မီးနင်းပွဲ အတွက် မဏ္ဍာပ်တွေ ထိုးထားတာ တွေ့ရပါတယ်။ မတ်လ ၁၄ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ပွဲတော် ကျင်းပမှာမို့ ပြင်ဆင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘာသာဝင်တွေတင်မက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ လာရောက် လေ့လာတဲ့ ပီလခတ် ဘုရားပွဲချိန်တွေဟာ အခုလို သွားလာရ အဆင်ပြေတဲ့ ကာလမှာတင်မကဘဲ ရန်ကုန်သန်လျင် တံတားကြီး မပြီးသေးတဲ့ ၁၉၉၀ အရှေ့ပိုင်း သင်္ဘောတတန်၊ လှည်းတတန် သွားရတဲ့ ခေတ်ကတည်းက စည်ကားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။