ဝေသာလီခေတ်ကို စတင်တည်ထောင်ခဲ့သော မဟာတိုင်းစန္ဒြားမင်း၏ မိဖုရား သုပဘာဒေဝီ တည်ခဲ့သော ကောင်းမှုကုသိုလ်ပင်ဖြစ်သည်၊
ဝေသာလီဘုရားကြီးသည် မြောက်ဦးမြို့မှ ၅ မိုင်ခန့်ဝေးကွာသော ဝေသာလီမြို့ဟောင်းတွင် တည်ရှိပါသည် ကြီးမားလှစွာသော ကျောက်တုံးကြီးတစ်လုံးကို ထွင်းထုထားသော ဆင်းတုတော်ပင်ဖြစ်သည်
ဆင်းတုတော်မှာ ယခင်က တရားမှတ်နေဟန် မျက်လွှာအောက်ချပုံစံဖြစ်သော်လည်း အမျိုးသမီးကြီးတစ်ဦးမှ အမြင်အာရုံချို့ယွှင်းသဖြင့် မျက်လုံးများတပ်ဆင် လှူဒါန်းခဲ့သည်ဟုသိရသည် နှဖူးသင်းကျစ်တော်ကိုလည်း မွမ်းမံခြယ်လှယ်ထားကြလေသည်၊
မိဖုရား သုပဘာဒေဝီ၏ ဆုတောင်း ပြည့်ခဲ့သောကြောင့်ဝေသာလီဆုတောင်းပြည့်ဘုရားကြီးဟုလည်း ခေါ်သည်၊
မိဖုရား သုပဘာဒေဝီသည် ကပ္ပီလဝတ်ပြည်မှ သွန်းစက်တော် သကျင်္မုနိဘုရားတစ်ဆူကို ဖူးမြော်လို၍ ပင့်ဆောင်ရန် စေလွတ်တော်မူရာ ဖောင်တော်ကရဝိတ်ဖြင့်တင်ဆောင်ခဲ့သည် မြောက်ဦး နဂရာအဝင် သိဥ္ဇည်းထောင့်ဝဲတွင် နစ်မြုပ်ကျဆုံးခဲ့သည်၊
မိဖုရား သုပဘာဒေဝီသည် မိမိပင့်ဆောင်ရန် စေလွှတ်မိသောကြောင့် ပျက်စီးရသည်ဟုသောကဖြစ်တော်မူပြီး မဟာတိုင်းစန္ဒြားမင်းအား ထိုသကျင်္မုနိဘုရားနှင့်တူစွာသော ဆင်းတုတော်တစ်ဆူကို ထုလုပ်ပေးပါရန် လျောက်ထားသဖြင့် ကျောက်တစ်လုံးတည်းဖြင့် ကြီးစွာသော ဗုဒ္ဓဆင်းတုတော်ကို ထုလုပ်ကာ ကိုးကွယ်စေလေသည် ယခု ဝေသာလီဘုရားဆင်းတုတော်ပင်ဖြစ်သည်၊
မိဘုရား သုပဘာဒေဝီသည် ဝေသာလီဘုရားကြီးဆင်းတုတော်၌ ဆုတော်ပန်လေသည်မှာကား ကပ္ပီလဝတ်ပြည်မှ သကျင်္မုနိဆင်းတုတော်ကို ယခုဘဝတွင် မဖူးရသော်လည်း နောင်ဘဝတွင် မင်းသမီးဖြင့် မိခင်၏ဝမ်းမှ မွေးဖွားသည်နှင့် သကျင်္မုနိဘုရား၏ ဒါယကာမအရင်းဖြစ်ရပါလို၏ဟူ၍ဖြစ်သည်၊
ခရစ်အေဒီ_၁၆၀၃ ခုနှစ် မြောက်ဦးနန်းတော်၏ အနောက်ဘက် ကျောက်ရာဇ်ကေချောင်းဝဲအိုင်၌ တံငါသည်များ ပိုက်ကွန်ငြိလေသောကြောင့် ရေငုပ်ကြည့်ကြသောအခါ ဘုရားကြီးတစ်ဆူတွေ့မြင်ကြလေသဖြင့် ဘုရင် မင်းရာဇာကြီးထံ လျှောက်ထားကြသည် ထိုနေ့ရက်မှာပင် ဟံသာဝတီ ပဲခူးမင်းသမီး ခင်မနှောင်း၌ သမီးတော်တစ်ပါး ဖွားမြင်ပါကြောင်း တပြိုင်တည်းပင် လျှောက်ထားကြလေသည်၊
ဘုရင်မင်းကြီးသည် ဆင်းတုတော်အား ရေမှတင်ယူရန် မှူးကြီး မတ်ရာ အစုံလင်ဖြင့် ယာယီတဲနန်းဆောက်တော်မူ၍ လူထောင်ပေါင်းများစွာဖြင့် လွန်ကြိုးများဖြင့်ယှက်နွယ်ရှည်နှောင် ဆွဲတင်ရန်ကြိုးစားကြသော်လည်း ဆင်းတုတော်မှာ နေမြဲအတိုင်းသာရှိလေသည်၊
ဘုရင်မင်းမြတ်သည် မူးမတ်တို့နှင့် တိုင်ပင်ဆွေးနွေးတော်မူလေသော် ကောင်းကျော်ထင်အမတ်လျှောက်ထားသည်မှာ ဤဆင်းတုတော်သည် ဝေသာလီပြည့်ရှင် မိဖုရား ကပ္ပီလဝတ်ပြည်မှ ပင့်ဆောင်ခဲ့သော သကျင်္မုနိ ဆင်းတုတော်ဖြစ်တန်ရာ၏ ယနေ့ ယခု မွေးဖွားတော်မူသော သမီးတော်မှာ ဝေသာလီမှဆုပန်ခဲ့သည့် ဘုရားဒါယာကမ သုပဘာဒေဝီဟု ယူဆရသည် ဟုတ်မဟုတ် သိရလေအောင် မွေးဖွားစ သမီးငယ်အား ယာယီတဲနန်းစခန်း၌ ရွှေပုခက်မြဧယင်၌ တင်ထားလျက် ရွှေတမုတ်ကို ကြိုးမျှင်လုပ်ပြီးသော် သမီးတော်လက်ဝယ် တစ်ပတ်ရစ်ပြီး ဆင်းတုတော်ဝယ် သုံးတန်ချည်နှောင်လျက် အဲအန်သာခြင်းလင်္ကာရတုရွတ်ဆိုပြုကာ ရွှေပုခက်အားလွဲလျက် လူအပေါင်းတို့ ဆွဲတင်ကြရာ သကျင်္မုနိဆင်းတုတော်သည် ရောင်ခြည်ဖြာထိန်ဝင်းလျက် ရေပေါ်သို လွယ်လင့်တကူ ဆိုက်ရောက်လာရာ ဘုရင်မင်းမြတ်သည် ထိုကုန်းမြေ၌ မြေထပ်မံဖို့စေလျက် တံတိုင်းအရံအတားတို့ကာရံကာ စေတီတော်ကြီးတစ်ဆူတည်ထားပြီး လိုဏ်ဂူအတွင်း ပလ္လင်ပေါ်ဝယ် ဘုရားပေါ်ဘုရားဟု စံပယ်တော်မူလေကြောင်း ရာဇဝင်တွင်တွေ့ရှိရပါသည်။
ကို့ကား_
ရက္ခပူရကြေးမုံကျမ်း
ပြည်ထူးစံ
မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
You must come here with someone or something to help you explain the great ancient city.
For the amount of time it takes to get there, it's really not worth it.