မြဝါတောင်စေတီ
ရန်ကုန် စစ်တွေကားလမ်းဘေး မြောက်ဦးဟော်တယ်အနီး ရွှေဂူတောင်ရပ်ကွက်တွင်တည်ရှိသည်၊ ဦးမြဝါသည် တိုင်းပြည်နှင့်အမျိုးသားကြီးပွားရေးကိုဆောင်ရွက်သည်၊ဓာတ်ငင်ကျမ်းကိုပြုစုသည်၊ မြောက်ဦးမြို့သက်ကို နှစ် (၁၀၀၀) ရှည်စေခြင်းငှါ ရည်ရွယ်၍ ၉၁၄ ခု တပို့တွဲလတွင် ဓာတ်ငင်သည်။ ကမ္ဘာကြီးဥဒါန်းစကားကျုးသည် အပြည်ပြည်ကို သျှင်ငယ်ရစ်ဝန်းဧး မင်းမှုထမ်းဟူ၏။ ဓာတ်ငင်ရာ ကြာသပတေး နက္ခတ်မကျသောကြောင့် မိမိအူကိုထုတ်၍ တိုင်းပြည်အတွက် စွန့်စားခဲ့သည်။
ဦးမြဝါ မစုတေမီ မှာကြားခဲ့သည်ကား ဤရက္ခပူရနိုင်ငံအလုံးသည် အသမ္ဘိန္နအဖြစ်ဖြင့် တည်လိမ့်မည်။ သစ္စသဘောပင်ရှိသော်လည်း နတ်ဘုံ ဗြဟ္မာဘုံကဲ့သို့ရှိလိမ့်မည်၊ တစ်စုံတစ်ခုမှ မကြောင့်ကြနှင့် ငါစုတေသောအခါ ငါ၏အလောင်းကို စုတေသောနေရာ၌ပင် သဂြိုလ်ကြလောဟူ၍ဖြစ်သည်၊
ဘုရင်မင်းဗာကြီးသည် ဤစကားကို လိုက်နာလိုသော်လည်း ဆရာကြီးအနေဖြင့် သဂြိုလ်လိုရကား ခန့်နားစွာပြုလုပ်လေသည်၊ပြည်သူသဘောမတူ၍ ပြည်သူတစ်ဖက် ဘုရင်မင်းမြတ်တစ်ဖက်ကွဲကြသည်၊ ပြည်သူ့ဆန္ဒ ဘုရင်မင်းမြတ်ဆန္ဒ မဲခွဲရာကား ရထားတစ်ဆူလုပ်ကြပြီး ပြည်သူတစ်ဖက် ဘုရင်မင်းမြတ်တစ်ဖက် ဆွဲကြသည်၊ ဘုရင်မင်းမြတ်ဖက်၌ မင်းမှုထမ်း မှုးမတ် မိဖုရား သားသမီးများ ပြည်သူဖက်၌ တောင်သူ လယ်လုပ် ကုန်သည် အစရှိသည်တို့ ဆွဲငင်ကြရာ ဘုရင်မင်းမြတ်ဖက်မှ အနိုင်ရရှိလေသောကြောင့် ဦးမြဝါ၏ အလောင်းကို စုတေရာမှယူ၍ သဂြိုလ်လေသည်၊ ဦးမြဝါ၏ အရိုးကို မြေအောက်ဌာပနာထားတော်မူလျက် တောင်ထွဋ်တစ်ခုပေါ်၌ စေတီကြီးတစ်ဆူတည်ထားတော်မူလေသည် ဦးမြဝါ၏ ကျန်ရစ်သော ပစ္စည်းများနှင့် ရွှေငွေရတနာတို့ကို ဌာပနာထည့်ကာ တည်ထားလေသောကြောင့် မြဝါတောင်ဟုလည်းကောင်း မြဝါတောင်စေတီဟုလည်းကောင်းခေါ်ဆိုကြသည်၊
တပို့တွဲလတွင် ကျင်းပသော ရခိုင်ရိုးရာ ရထားဆွဲပွဲသည် ဤသို့စတင်ပေါ်ပေါက်လာသော ယဉ်ကျေးမှုတစ်ခုဖြစ်ပါသည်၊
ရခိုင်ပညာရှိ ဂန္ဓရီ ပညာရှင်ကြီး ဦးမြဝါ ဟာ မြောက်ဦးမြို့သက်ရှည်အောင် အသက်ကိုစွန့်လွှတ်ပြီး
အစီအမံ လုပ်ခဲ့တဲ့ ပညာရှိကြီးတစ်ဦးပါ
ရှင်မြဝါ ဦးမြဝါကို ဂုဏ်ပြု မှည့်ထားတဲ့ ပုထိုးတော်ဖြစ်ပါတယ်
ရှေ့ဟောင်းအမွေအနှစ်