မော်လမြိုင်ရဲ့ အဆင့်မြင့်နေ့ကလေးထိန်းကျောင်းတစ်ခုလို့ပဲ ဆိုပါရစေ။ သွားရလာရလွယ်ကူ အဆင်ပြေတဲ့နေရာမှာ တည်ရှိပါတယ်။ ကျယ်ဝန်းတဲ့ခြံဝင်းရှိပြီး၊ ကစားစရာပစ္စည်းများ ထားရှိပေးထားတဲ့အပြင် ဝင်းတံခါးနှင့် ခြံစည်းရိုးလုံခြုံစွာ ကာရံထားတဲ့အတွက် ကလေးငယ်များ အန္တရာယ်ကင်းကင်း လွတ်လပ်စွာ ဆော့ကစားနိုင်ပါတယ်။ ပြုစုစောင့်ရှောက်မှုစနစ်ကျပြီး ကြို/ပို့ကားများလည်း စီစဉ်ထားရှိပါတယ်။ မျှတတဲ့ ဆရာမအင်အားရှိပြီး ကွန်ပျူတာအပါအဝင် အဆင့်မီသင်ထောက်ကူပစ္စည်းများ အသုံးပြုတာကြောင့် ကလေးငယ်များအတွက် အရွယ်အလိုက် သင်ယူနိုင်စွမ်းဖွံ့ဖြိုးတိုးတက်မှုကို ကောင်းစွာအထောက်အကူပြုနိုင်ပါတယ်။ ကုန်ကျမှုနဲ့ ကိုက်ညီတဲ့ဝန်ဆောင်မှုရရှိမှာ သေချာသလောက်ပါပဲ။