မကွေးတက္ကသိုလ်၊ ဘူမိဗေဒဌာန
သမိုင်းအကျဉ်း
=======================
မကွေးတက္ကသိုလ်ကို 1995 ခုနှစ်၊
ဇွန်လ (5)ရက်နေ့တွင် မကွေး-ဥပစာကောလိပ်
အမည်ဖြင့် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ
အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါသည်။
1956-1957 ပညာသင်နှစ်တွင်
ဘူမိဗေဒဘာသာရပ်ကို
စတင်သင်ကြားပို့ချခဲ့ပါသည်။
1964-1965 ပညာသင်နှစ်မှစ၍ စနစ်သစ်
ပညာရေးအရ အဓိကဘာသာရပ်များ
ခွဲခြားသည့်အခါ ဘူမိဗေဒဘာသာရပ်ကို
အဓိကဘာသာရပ်(Major)အဖြစ် ပို့ချခဲ့ပါသည်။
1965-1966 ပညာသင်နှစ်တွင်
ဘူမိဗေဒဘာသာရပ်ကို ပို့ချခြင်းမပြုတော့ဘဲ
1972-1973 ပညာသင်နှစ်မှသာ
သာမန်ဘာသာရပ်(Minor)အဖြစ်
ပြန်လည်ပို့ချခဲ့ပါသည်။
1967-1968 ပညာသင်နှစ်တွင်
မကွေးဥပစာကောလိပ်ကို
“မကွေးကောလိပ်”ဟု
အမည်ပြောင်းလဲခဲ့ပါသည်။
1982-1983 ပညာသင်နှစ်မှ စ၍ မကွေးကောလိပ်ကို
“မကွေးဒီဂရီကောလိပ်”အဖြစ်
ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
1994 ခုနှစ်၊ ဒီဇင်ဘာလ (20)ရက်နေ့တွင်
မကွေးဒီဂရီကောလိပ်ကို
“မကွေးတက္ကသိုလ်”အဆင့်သို့
တိုးမြှင့်ပေးခဲ့ပါသည်။
1996-1997 ခုနှစ်တွင်
ဘူမိဗေဒအဓိကဘာသာရပ်ကို
ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ပြီး နိုင်ငံအကျိုးပြု
ဘူမိဗေဒ ကျောင်းသား/ကျောင်းသူများစွာကို
မွေးထုတ်ပေးလျက်ရှိသည်မှာ
ယနေ့ထက်တိုင်ပင် ဖြစ်ပါတော့သည်.
KhinMaung Latt မကွေးတက္ကသိုလ်
ဘူ မိ ဗေ ဒ ဌာ န
သမိုင်းအကျဉ်း
=======================
မကွေးတက္ကသိုလ်ကို
1955 ခုနှစ်၊
ဇွန်လ (5)ရက်နေ့တွင်
မကွေး-ဥပစာကောလိပ်
အမည်ဖြင့် ရန်ကုန်တက္ကသိုလ်၏
လက်အောက်ခံအဖြစ်
စတင်ဖွင့်လှစ်ခဲ့ပါသည်။
(မန္တလေးတက္ကသိုလ်အောက်မှာဖြစ်နိုင်တယ်)
=
1956-1957 ပညာသင်နှစ်တွင်
ဘူမိဗေဒဘာသာရပ်ကို
စတင်သင်ကြားပို့ချခဲ့ပါသည်။
(မသိပါ)
=
1964-1965 ပညာသင်နှစ်မှစ၍ စနစ်သစ်
ပညာရေးအရ အဓိကဘာသာရပ်များ
ခွဲခြားသည့်အခါ ဘူမိဗေဒဘာသာရပ်ကို
အဓိကဘာသာရပ်(Major)အဖြစ် ပို့ချခဲ့ပါသည်။
(ထိုနှစ်များက ဘူမိဗေဒဘာသာရပ်ကို ရန်ကုန်နှင့်မန္တလေးတက္ကသိုလ်နှစ်ခုမှာသာ အဓိကဘာသာအဖြစ်ပေးပါသည်)
=
1965-1966 ပညာသင်နှစ်တွင်
ဘူမိဗေဒဘာသာရပ်ကို ပို့ချခြင်းမပြုတော့ဘဲ
1972-1973 ပညာသင်နှစ်မှသာ
သာမန်ဘာသာရပ်(Minor)အဖြစ်
ပြန်လည်ပို့ချခဲ့ပါသည်။
(၁၉၇၀ ခုနှစ်မှာ ကျနော်ကိုယ်တိုင်စတင်ပြီး သာမန်ဘာသာအထြစ် ပြန်သင်ခဲ့ရပါသည်)
=
1967-1968 ပညာသင်နှစ်တွင်
မကွေးဥပစာကောလိပ်ကို
“မကွေးကောလိပ်”ဟု
အမည်ပြောင်းလဲခဲ့ပါသည်။
=
1982-1983 ပညာသင်နှစ်မှ စ၍
မကွေးကောလိပ်ကို
“မကွေးဒီဂရီကောလိပ်”အဖြစ်
ပြောင်းလဲသတ်မှတ်ခဲ့ပါသည်။
( ၁၉၇၀ မှစပြီး မကွေးဒီဂရီကောလိပ်ဟုခေါ်ပါသည်)
=
1994 ခုနှစ်၊ ဒီဇင်ဘာလ (20)ရက်နေ့တွင်
မကွေးဒီဂရီကောလိပ်ကို
“မကွေးတက္ကသိုလ်”အဆင့်သို့
တိုးမြှင့်ပေးခဲ့ပါသည်။
=
1996-1997 ခုနှစ်တွင်
ဘူမိဗေဒအဓိကဘာသာရပ်ကို
ပြန်လည်ဖွင့်လှစ်သင်ကြားခဲ့ပြီး နိုင်ငံ့အကျိုးပြု
ဘူမိဗေဒ ကျောင်းသား/ကျောင်းသူများစွာကို
မွေးထုတ်ပေးလျက်ရှိသည်မှာ
ယနေ့ထက်တိုင်ပင် ဖြစ်ပါတော့သည်.
စုစည်းတင်ပြသူ-
ဝင်းသူရအောင်