ကယားပြည်ကိုရောက်ရင်တော့ ပန်ပက်ကိုအရောက်သွားဖြစ်အောင်သွားပါလို့။ ကယန်းရိုးရာ အိမ် ဝတ်စုံ လက်ဆောင်ပစ္စည်းတွေနဲ့ ပြည့်စုံပါတယ်။ ကယားဝတ်စုံလေးတေွ လက်ရာပစ္စည်းတွေဝယ်နိုင်သလို ငှားပြီးဓာတ်ပုံရိုက်နိုင်ပါတယ်။ ကယားရိုးရာ လက်ယက်ကန်းကိုလည်း ကိုယ်တိုင်မြင်တွေ့ရမှာပါ။ ကယန်း(ပဒေါင်)ဆိုတာနဲ့ အရင်ဆုံး သတိရမယ့် ကြေးကွင်းစွပ်သူလေးတေွကော ကြေးကွင်းနမူနာကော ကိုယ်ကိုတိုင်တပ်ချင်တယ်ဆို ဖြုတ်တပ်လွယ်အောင်လုပ်ထားတာကော ရှိပါတယ်ခင်ဗျာ။ နေရာကတော့ ဒီမော့ဆိုမြို့အကျော် လွိုင်ကော် တောင်ငူလမ်းဘေးမှာရှိပါတယ်။ လမ်းလည်းအရမ်းကောင်းပါတယ်။ ခုလိုပွင့်လင်းရာသီဆိုရင်တော့ ခရီးသွားကားတေွမပြတ်ပေါ့ဗျာ။
The village is poor. We should not burgain them.
Kayan Village!
This place is I love the most.
Chit kayan